General AungSan Shield မဲခွဲပွဲပြုလုပ် ရတနာပုံ အသင်းမှာ ဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်


2018 General Aung San Shield ရှုံးထွက်မဲခွဲပွဲ အခမ်းအနားအား ဖေဖော်ဝါရီလ (၆) ရက် အဂါင်္နေ့
နေ့လည် ၁နာရီခွဲတွင် ရန်ကုန်မြို့ မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြု
လုပ်ခဲ့ရာ ရတနာပုံ အသင်းမှာ ဒုတိယအဆင့်မှ စတင်ကစား ရမည်ဖြစ်သည်။

 

ရတနာပုံ အသင်းမှာ ပထမအဆင့် မှတတ်ရောက်လာမည့် စစ်ကိုင်း ယူနိုက်တက် (သို့မဟုတ်) မြ၀တီ
အသင်းတို့ဖြင့် ဒုတိယ အဆင့်တွင် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး မေလ(၆) ရက်နေ့ ညနေ၃နာရီ
ခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာ အားကစားကွင်း၌ ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

 

ထို့နောက် ကွာတားဖိုင်နယ် အဆင့်အား တတ်ရောက်ခဲ့မည် ဆိုပါက မေလ (၂၀)ရက်နေ့တွင်
ထပ်မံယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်အား ပထမအကျော့၊ ဒုတိယ အကျော့ ဖြင့်
နှစ်ကျော့ စနစ်ဖြင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

 

 

2018 General Aung San Shield ဗိုလ်လုပွဲအား စက်တင်ဘာလ (၃၀) ရက်နေ့ တွင် ရန်ကုန်မြို့
အောင်ဆန်း အားကစားကွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။