ရှမ်းယူနိုက်တက်အား သရေကစားကာ အမှတ်ပေးဇယား ထိပ်ဆုံးအား ဦးဆောင်လျက် ရှိသည့် ရတနာပုံ


2018 MPT Myanmar National League ပွဲစဉ် (၄) အဖြစ် ရတနာပုံ အသင်းမှာ ရှမ်းယူနိုက်တက်
အသင်း၏ အိမ်ကွင်းဖြစ်သည့် တောင်ကြီးမြို့ ပြည်နယ်အားကစား ကွင်း၌ ဖေဖော်ဝါရီလ (၄)ရက်
နေ့ညနေတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး အမှတ်ပေး ဇယားထိပ်ဆုံး
နေရာအား ဆက်လက်ဦးဆောင် လျက်ရှိသည်။

ပထမပိုင်း စတင်ချိန် ရတနာပုံ အသင်းမှာ ကွင်းလယ်အသာစီး ရယူရန် ကြိုးစားခဲ့သော်လည်း ရှမ်းယူနိုက်
တက် အသင်းကသာ ရတနာပုံ အသင်း၏ ကွင်းလယ်အား စိုးမိုးထားခဲ့ပြီး ရတနာပုံ အသင်းမှာ တန်ပြန်
တိုက်စစ်ဖြင့် သာရှမ်းယူနိုက်တက် အသင်းဘက်သို့ ထိုးဖောက်တိုက်စစ် ဆင်ခဲ့သည်။
ရှမ်းယူနိုက်တက် အသင်း၏ အပိုင်ဂိုးသွင့် ခွင့်များအား ရတနာပုံ ဂိုးသမား ချမ်းငြိမ်းကျော် လက်စွမ်းပြ
ကာကွယ်နေခဲ့ပြီး ရတနာပုံ အသင်းမှ ကွင်းလယ်ကစား သမား လိုင်းဘိုဘို၏ ကန်သွင်းချက် တိုင်ထိ
ထွက်ခဲ့သည့် အတွက် ရတနာပုံ အသင်း၏ ဂိုးရရှိရန် အခွင့်ရေး လွဲချော်ခဲ့ရသည်။

ဒုတိယပိုင်း စတင်ချိန် ရှမ်းယူနိုက်တက် အသင်းမှာ ရတနာပုံ အသင်းအား တိုက်စစ်မြှင့်ဖိအားပေး
ကစားရန် ကြိုးစားခဲ့သော်လည်း ရတနာပုံ အသင်း၏ ခံစစ်အား ကျော်ဖြတ်နိုင်ခြင်း မရှိပဲ ရတနာပုံ
အသင်းမှ တန်ပြန်တိုက်စစ် အားထိန်းချုပ်ကာကွယ်ရန် ကြိုးစားနေခဲ့ရပြီး ပွဲချိန်ပြီးဆုံးရန် နီးကပ်
လာသည်နှင့် အမျှ ရှမ်းယူနိုက်တက် အသင်းမှာ ရတနာပုံ အသင်းအား ပိုမိုတိုက်စစ်မြှင့် ဂိုးရရှိရန်
ကြိုးစားခဲ့သော်လည်း ဂိုးမရှိသရေ ရလဒ်ဖြင့် သာပြီးဆုံးခဲ့သည်။

ရတနာပုံ အသင်းမှာ လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ (၄) နာရီတွင် မန္တလေးမြို့
မန္တလာသီရီ အားကစားကွင်းကြီးတွင် ပွဲစဉ် (၅) အဖြစ်မကွေး အက်ဖ်စီအသင်းအား ဧည့်ခံယှဉ်ပြိုင်
ကစားရမည်ဖြစ်သည်။