သက်နိုင် ၊ မြတ်ကောင်းခန့်တို့၏ ဂိုးဖြင့် နိုင်ပွဲဆက်ခဲ့သည့် ရတနာပုံ


2018 MPT Myanmar National League တတိယမြောက် ပွဲစဉ်အဖြစ် ရတနာပုံ အသင်းမှာ
ဂျီအက်ဖ်အေ အသင်းနှင့် ယနေ့ဇန်န၀ါရီလ (၂၇) ရက် ညနေ (၄) နာရီတွင် ရန်ကုန်မြို့
အောင်ဆန်း အားကစားကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ ရတနာပုံ အသင်းမှာ သက်နိုင် ၊
မြတ်ကောင်းခန့်  တို့၏ သွင်းဂိုးများဖြင့် အနိုင်ယူ ခဲ့သည်။

ပထမိုင်း (၄၅) မိနစ် စတင်ချိန် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့သော်
လည်း ထိရောက်သည့် အခွင့်ရေးများ ရရှိခဲ့ခြင်း မရှိပဲ ကွင်းလယ်တွင် သာအပျက်များ နေခဲ့သည်
ရတနာပုံ အသင်းမှာ ဂျီအက်ဖ်အေ အသင်းအား ညာတောင်ပံမှ အဓိကထား ထိုးဖောက်နေခဲ့ပြီး
ပွဲချိန် ၄၄မိနစ်တွင် ရတနာပုံ အသင်းအတွက် အဖွင့်ဂိုးအား တောင်ပံ ကစားသမား သက်နိုင်
လူကျွံ ထောင်ချောက်အား ဖောက်ထွက်၍ ဂိုးသမား ညာလက်ထောင့်သို့ အပြင်းကန်သွင်း
ယူကာ ပထမပိုင်း ပြီးဆုံးချိန်တွင် ရတနာပုံ အသင်းမှာ (၁-၀) ဂိုးရလဒ်ဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင် ချိန်ရတနာပုံ အသင်းမှာ ကွင်းလယ်ပိုင်း ပိုမိုအသာစီး ရယူလာနိုင်
ခဲ့ပြီး လိုင်းဘိုဘို၊ ရဲကိုဦး ၊ မြတ်ကောင်းခန့် တို့၏ ကွင်းလယ်မှာ ဂျီအက်ဖ်အေ အသင်း၏ ကွင်း
လယ်အား ဖိအားပေး ကစားလာနိုင် ခဲ့သည်။ ဂျီအက်ဖ်အေ အသင်းမှာ ချေပဂိုး ရရှိရန် တိုက်စစ်
ဖွင့်၍ ရတနာပုံ အသင်းအား ဖိအားပေး ကစားရန် ကြိုးစားလာခဲ့သော်လည်း ထိရောက်သည့်
ထိုးဖောက်မှုနှင့် ရတနာပုံ အသင်း၏ နောက်တန်းအား ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပဲ နာကျင်
အချိန်ပို (၄) မိနစ် အရောက်တွင် ရတနာပုံ အသင်းအတွက် အနိုင်သေချာ စေမည့် ဒုတိယ
မြောက် ဂိုးအား ကွင်းလယ် ကစားသမား မြတ်ကောင်းခန့် တစ်ကိုယ်တော် ခြေစွမ်းပြ၍
သွင်းယူပေးခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ရတနာပုံ အသင်းမှာ ဂျီအက်ဖ်အေ အသင်းအား
(၂-၀) ဂိုးရလဒ်ဖြင့် အနိုင် ရရှိခဲ့သည်။

ရတနာပုံ အသင်းမှာ လာမည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင်  တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်
အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။