ချင်း ယူနိုက်တက် အသင်း ညာကွင်းလယ်လူ ဘီဘီ အား ရတနာပုံ အသင်းခေါ်ယူ


၂၀၁၈ ရာသီအကြို ပြင်ဆင် မှုအဖြစ် ရတနာပုံ အသင်းမှာ ချင်းယူနိုက်တက် အသင်းမှ ညာကွင်းလယ်
ကစားသမား တစ်ဦးဖြစ်သည့် ဘွဲ့နွမ်ထန် (ခေါ်) ဘီဘီ အား ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် (၂၂)နှစ်ရှိ  ဘီဘီအား ရတနာပုံ  အသင်းမှ (၂) နှစ်စာချုပ် ဖြင့်ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး
ဘီဘီ မှ –

 

ကျွန်တော်အခု ရတနာပုံ လိုအသင်းကြီး တစ်သင်း ကိုရောက်ပါပြီ စိန်ခေါ်မှုတွေ ကတော့
အပြည့်ပဲ ဆိုတာကို သိပြီးသားပါ ဒါက ကစားသမား တစ်ယောက်အတွက် တိုးတတ်ဖို့
အခွင့်အလမ်း ပါပဲ အစဉ်အလာ ရှိတဲ့ ရတနာပုံ လိုအသင်းမှာ ကစားခွင့်ရမှာ ကျွန်တော်အတွက်
စိတ်လှုပ်ရှား စရာနဲ့ ၀မ်းသာစရာ ပါပဲ

 

 

ဟုပြောကြားခဲ့သည်။

 

ဘွဲ့နွမ်ထန် (ခေါ်) ဘီဘီ မှာ ချင်းယူနိုက်တက် အသင်းတွင် ၎င်း၏ ကစားသမား ဘ၀ကို
စတင်ခဲ့သည့် လူငယ်တစ်ဦး ဖြစ်ပြီး အဆိုပါ အသင်း၌ (၇) ရာသီကြာ ကစားခဲ့သည့်
ကစား သမားတစ်ဦး ဖြစ်သည်။