ရတနာပုံ ဘယ် နောက်ခံလူ ဟိန်းနေဆန်းပဏာမ မြန်မာယူ-၂၃ အသင်းတွင် ထပ်မံရွေးချယ်ခံရ


ရတနာပုံ အသင်း၏ ဘယ်နောက်ခံကစားသမား ဟိန်းနေဆန်းမှာ ပဏာမ မြန်မာ လက်ရွေးစင် ယူ-၂၃
အသင်းတွင် ထပ်မံရွေးချယ် ခံခဲ့ရသည်။

 

မြန်မာယူ-၂၃အသင်းမှာ ၂၀၁၇ ခုနှစ်ဒီဇင်ဘာ(၇)ရက်မှ(၁၅)ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့်
M150 Cup U-23 Championshipပြိုင်ပွဲ အားသွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ မြန်မာ ယူ-၂၃ အသင်းတွင် ရတနာပုံ လက်ထောက်နည်းပြ ဦးမြင့်ကို အပါအ၀င် ကစားသမား (၆) ဦးရွေးခြယ် ခံထားရပြီ ဖြစ်ပြီး ၎င်းတို့မှာ –

(၁) ပြည့်စုံချစ် (ဂိုး)
(၂) စည်သူအောင် (နောက်တန်း)
(၃) ဟိန်းနေဆန်း (နောက်တန်း)
(၄)မျိုးကိုထွန်း (နောက်တန်း)
(၅) လိုင်းဘိုဘို (အလယ်တန်း)
(၆)ကျော်သက်ဦး (အလယ်တန်း)

တို့ဖြစ်ကြသည်။

 

ရတနာပုံ ဘယ်နောက်ခံ ကစားသမား ဟိန်းနေဆန်းမှာ ရတနာပုံ အသင်းကြီး သို့ ၂၀၁၃ ခုနှစ်တွင် ရတနာပုံ
အကယ်ဒမီမှ ရောက်ရှိ လာခဲ့သည့် လူငယ်ကစား သမားတစ်ဦးဖြစ်သည်။