၂၀၁၇ ရာသီ အကောင်းဆုံး ကစားသမားဆု ရတနာပုံ တိုက်စစ်မှုး အောင်သူ ၃နှစ်ဆက် ရရှိ


၂၀၁၇ ရာသီ MNL MAX CEMENTပွဲစဉ် တလျှောက် အကောင်းဆုံး ကစားသမား ဆုအား ရတနာပုံ
တိုက်စစ် မှုး အောင်သူ မှရရှိ ခဲ့သည်။

 

 

အဆိုပါ ဆုအား မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ၊ မြန်မာ နေရှင်လိဂ် ကော်မတီ ဥက္ကဌ ဦးဇော်ဇော်မှ
ဆုတံဆိပ်နှင့် ဆုကြေးငွေအား ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ဆုကြေးငွေ အဖြစ် ကျပ်သိန်း (၂၀) တိတိ လက်ခံ
ရရှိ မည်ဖြစ်သည်။

 

ရတနာပုံ တိုက်စစ်မှုး အောင်သူမှာ ၂၀၁၇ ရာသီ ရတနာပုံ အသင်းအတွက် စုစုပေါင်း (၉) ဂိုးသွင်း
ယူပေးခဲ့ကာ အဆိုပါ အကောင်းဆုံး ကစားသမား ဆုအား (၃) နှစ်ဆက် ရရှိခဲ့ခြင်း ဖြစ်ပြီး လာမည့်
ရာသီ ထိုင်း ပရီးမီးယားလိဂ် ကလပ် Police Tero Fc အသင်းသို့ တစ်ရာသီ အဌားသွားရောက်
ကစား မည်ဖြစ်သည်။