ရတနာပုံ တိုက်စစ်မှုး အောင်သူအား ထိုင်းကလပ် Police Tero Fc အသင်းသို့တစ်ရာသီ အဌားစေလွှတ်မည်


ရတနာပုံ အသင်း၏ တိုက်စစ်မှုး ဖြစ်သူ အောင်သူ အား ထိုင်းကလပ် အသင်းတစ်သင်း ဖြစ်သည့်
Police Tero Fc အသင်းသို့ အဌားစေ လွှတ်သွားမည်ဖြစ်သည်။ တိုက်စစ်မှုး အောင်သူမှာ မိခင်
ရတနာပုံ အသင်းနှင့် မြန်မာ လက်ရွှေးစင် အသင်းများ တွင် ခြေစွမ်းပြ ကစားလျက်ရှိသည့် အတွက်
ထိုင်း ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်သည့် Police Tero FC အသင်းမှ ခေါ်ယူကစား ရန်ကမ်းလှမ်း
ခံခဲ့ရခြင်း ဖြစ်သည်။

 

ရတနာပုံ အသင်းဥက္ကဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်းထွန်းနှင့် Poilce Tero Fc အသင်း ဥက္ကဌ မစ္စတာ ဘရိုင်ယန် တို့မှအသေးစိတ် ဆွေးနွေးခဲ့ပြီးနောက် အဌားစေလွှတ်ကစားရန် သဘောတူညီ မှုရရှိခဲ့ ခြင်းဖြစ်သည်။

 

 

ရတနာပုံ အသင်းဥက္ကဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းမှ –

ရတနာပုံ အသင်းမှ မဟုတ်ပါဘူး ပြည်ပ ကလပ်အသင်းတွေက မြန်မာ ကစားသမား တွေကို ကမ်းလှမ်း
လာခဲ့မယ် ဆိုရင်ဝမ်းမြောက်ရမှာပါမြန်မာ နေရှင်နယ်လိဂ် ဒုတိယဥက္ကဌ တယောက်အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ပါပဲ မြန်မာ ကစားသမားတွေ အနေနဲ့လဲ အဲ့လိုပြည်ပတွေအထိ သွားရောက်ကစားဖို့ ကြိုးစားဖို့လိုပါတယ် ဒီနေရာမှာ ရပ်မနေပဲ  တဆင့်ပြီးတဆင့် မြင့်မားအောင် ကြိုးစားသင့်ပါတယ် ”

 

 

ဟုပြောကြားခဲ့သည်။

ရတနာပုံ တိုက်စစ်မှုး အောင်သူ မှာ Poilce Tero Fc အသင်းသို့တစ် ၇ာသီ အဌားသွားရောက်ကစားမည် ဖြစ်ပြီး
လစာ အဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀၀ ရရှိမည်ဖြစ်သည်။ရတနာပုံအက်ဖ်စီ အသင်းမှ ထိုင်းကလပ် များသို့ အဌားစေလွှတ်ခဲ့သည့် ကစားသမား (၃) ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် တိုက်စစ်မှုး ပိုင်စိုးအား
ဖူးကတ် အသင်းသို၎င်း ၂၀၁၇ ခုနှစ်တွင် တိုက်စစ်မှုး ရှိုင်းသူရ အား ဆာမန်ဆာခွန် အသင်းသို့လည်ကောင်း
ယခုအခါ တိုက်စစ်မှုး အောင်သူအား Police Tero FC အသင်းသို့လည်ကောင်း အသီးသီး အဌားစေလွတ်ခဲ့ ခြင်းဖြစ်သည်။