ရတနာပုံ ဘယ်နောက်ခံ ကစားသမား သိန်းသန်းဝင်းနှင့် ဂိုးသမား ပြည့်စုံချစ် တို့ ရန်ကုန် ယူနိုက်တက် အသင်းနှင့်ပွဲစဉ်အား လွဲချော်မည်


 

ရတနာပုံ  အသင်း၏ ဘယ်နောက်ခံ ကစားသမား ဖြစ်သူ သိန်းသန်းဝင်း နှင့် လူငယ် ဂိုးသမား ဖြစ်သူ
ပြည့်စုံချစ် တို့မှာ ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစား နိုင်မည် မဟုတ်ပဲ လွဲချော်
မည်ဖြစ်သည်။

 

 

 

ရတနာပုံ ဘယ်နောက်ခံ ကစားသမား သိန်းသန်းဝင်းမှာ ညာခြေထောက် ဒဏ်ရာ ပြသာနာကြောင့်
ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပွဲစဉ်အား လွဲချော်တော့ မည်ဖြစ်ပြီး လက်ရှိအချိန် ရတနာပုံ
အသင်းအတွက် ပွဲထွက် ကစားခွင့် ရနေသည့် လူငယ် ဂိုးသမား တစ်ဦးဖြစ်သူ ပြည့်စုံချစ် မှာလည်း
ပြီးခဲ့သည့် ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် ပွဲစဉ်တွင် ရရှိခဲ့သည့် နူတ်ခမ်းကွဲ ဒဏ်ရာကြောင့်
အသည်းသည်း လွဲချော်ကြ တော့မည်ဖြစ်သည်။

 

 

 

 

 

ရတနာပုံ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့မှာ အောက်တိုဘာလ (၁၉) ရက် ကြာသ
ပတေးနေ့ ညနေ (၅) နာရီတွင် ၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက် ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယ
အကျော့ ပွဲစဉ်  အဖြစ် မန္တလေးမြို့ မန္တလာ သီရီအားကစား ကွင်းကြီး၌ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်
သည်။