ကျွန်တော်ကစားသမားတွေ ရန်ကုန်ကို နိုင်အောင်ကစားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ် ( မစ္စတာ ရီနီ- နည်းပြချုပ်)


ရတနာပုံ အသင်း၏ နည်းပြချုပ် ဖြစ်သူ မစ္စတာ ရီနီမှ မိမိကစား သမားများ အနေဖြင့် ရန်ကုန် ယူနိုက်တက်
အသင်းအား အိမ်ကွင်း၌ နိုင်အောင်ကစား နိုင်မည်ကို မိမိ ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

 

 

ရတနာပုံ အသင်း၏ နည်းပြချုပ် ဖြစ်သူ မစ္စတာ ရီနီက-

 

 

 

 

ကျွန်တော် ကစားသမား တွေ့ကို ကျွန်တော်ယုံတယ် သူတို့ အိမ်ကွင်းမှာ အကောင်းဆုံး ပုံစံနဲ့
သူတို့ကစား ပြမယ်ဆိုတာ ပထမ အကျော့ ရလဒ်က ကျွန်တော်တို့ အပေါ် ဖိအားအများ ကြီး
ဖြစ်မနေ ပါဘူး ကျွန်တော်တို့ ဘက်က ရလဒ်ကောင်း ရဖို့အတွက် အစွမ်းကုန် ကြိုးစားမှာပါ
ဒီပွဲက ကျွန်တော်တို့ အသင်းအတွက် အရမ်းအရေး ကြီးပါတယ် ဂိုးသွင်းနိုင်ဖို့ လဲလိုပါတယ်”

 

 

 

ဟုပြောကြား ခဲ့သည်။

 

 

 

 

ရတနာပုံ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့မှာ ၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်
ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အဖြစ် မန္တလေးမြို့ ရှိမန္တလာ သီရီအားကစား ကွင်းကြီး၌
အောက်တိုဘာလ (၁၉) ရက် ညနေ (၅) နာရီတွင် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။