လက်ကျန်တစ်မိနစ်အတွင်း ဟံသာဝတီ ယူနိုက်တက်အား အသဲခွဲခဲ့သည့် ရတနာပုံအက်စ်စီ


 

 

2017 MNL MAX CEMENT ပွဲစဉ် (၂၀) အဖြစ် ဟံသာဝတီ ယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့
ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် GrandRoyal ကွင်းကြီးတွင် ယှဉ်
ပြိုင်ကစားခဲ့ရာ ရတနာပုံ အသင်းမှ (၃-၂)ဖြင့် အနိုင်ရရှိခဲ့သည်။

ရတနာပုံ အသင်းမှာ ပွဲထွက်ကစား သမားစာရင်းတွင် လူငယ်ကစားသမားများအား အဓိကဦးစားပေး
ပွဲထုတ်လာခဲ့ပြီး ဟံသာဝတီ ယူနိုက်တက် အသင်းအား ယှဉ်ပြိုင်ကစားခဲ့ပြီး ဟံသာဝတီ ယူနိုက်
တက်အသင်းမှာ ရတနာပုံ အသင်းအား မိမိအိမ်ကွင်း ပရိသတ်ရှေ့တွင် ခပ်မာမာ ကစားပြခဲ့ကာ
တိုက်စစ်ဆင် ကစားခဲ့သည် ပထမပိုင်းတွင် ရတနာပုံ အသင်းနှင့် ဟံသာဝတီ ယူနိုက်တက် အသင်း
တို့မှာ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ရင်း ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း တွင် ဟံသာဝတီ ယူနိုက်တက် အသင်းမှာ ရတနာပုံ အသင်းအား ပိုမို ဖိအားပေး ကစားလာ
ခဲ့ပြီး ပွဲချိန် ၅၈မိနစ်တွင် ဟံသာဝတီ တိုက်စစ်မှုး မာဆီယိုမှာ ဟံသာဝတီ ယူနိုက်တက် အသင်းအတွက်
အဖွင့်ဂိုးအား သွင်းယူပေး ခဲ့သည် အဖွင့်ဂိုးအား ခွင့်ပြုပေး ခဲ့ရသည့် ရတနာပုံ အသင်းမှာ ချေပဂိုး ရရှိရန်
ပိုမို ဖိအားပေး ကြိုးစားကစား လာခဲ့ပြီး ပွဲချိန် ၆၈ မိနစ်တွင် ရတနာပုံ အသင်းအတွက် ချေပဂိုးအား
တိုက်စစ်မှုး ပက်ထရစ်မှ သွင်းယူ ပေးခဲ့သည်။ ရတနာပုံ အသင်း အနေဖြင့် လူငယ် ကစားသမားများ
အား ပွဲထုတ် လာခဲ့သည်နှင့် အညီ ဒုတိယပိုင်း တွင် ကစားသမား အနည်းငယ် အပြောင်းလဲပြုလုပ်
ခဲ့ကာ အောင်သူ ၊ ရဲကိုဦး တို့အား ထည့်သွင်း ကစားစေခဲ့ကာ ဟံသာဝတီ ယူနိုက်တက် အသင်း
အား တရစပ် ဖိအားပေး ကစား လာခဲ့ပြီး ပွဲချိန် ၇၉မိနစ် တွင် ရတနာပုံ အသင်းအတွက် ဒုတိယဂိုး
အား တိုက်စစ်မှုး ပက်ထရစ် မှထပ်မံ သွင်းယူ ပေးခဲ့သည် ဒုတိယ မြောက်ဂိုးအား ခွင့်ပြုပေး ခဲ့ရသည့်
ဟံသာဝတီ ယူနိုက်တက် အသင်းမှာ လိုအပ်လာသည့် ချေပဂိုးအား သွင်းယူရန် တန်ပြန် တိုက်စစ်ဖြင့်
ကစား နေရာမှ အသင်းလိုက် တိုက်စစ်ဆင်မှု ပြုလုပ်ခဲ့ကာ ဒုတိယပိုင်း ပြီးဆုံးရန် အချိန်ပို ၅မိနစ်တွင်
ဟံသာဝတီ ယူနိုက်တက် အသင်းအတွက် ဒုတိယ မြောက်ချေပ ဂိုးအား ၉၄မိနစ်တွင် နောက်ခံလူ
ဂျုနီယာမှ သွင်းယူပေး ခဲ့သည့် ဒုတိယပိုင်း ပြီးဆုံးရန် နောက်ဆုံး လက်ကျန် အချိန်ပို တစ်မိနစ်တွင်
ရတနာပုံ အသင်းအတွက် အနိုင်ဂိုးအား ကွင်းလယ် ကစားသမား မျိုးကိုထွန်း၏ တကိုယ်တော်
ဖန်တီးပေး ပို့မှု မှတဆင့် တိုက်စစ်မှုး ပက်ထရစ်က ၎င်းအတွက် ဒုတိယမြောက် ဟက်ထရစ်
ဂိုးအား သွင်းယူ ပေးခဲ့ကာ ဟံသာဝတီ ယူနိုက်တက် အသင်းအား အသဲခွဲခဲ့ပြီး ရတနာပုံအသင်း
မှာ ဟံသာဝတီ ယူနိုက်တက် အသင်းအား (၃-၂)ဂိုး ရလဒ်ဖြင့် အနိုင် ရရှိကာ ပြီးဆုံးခဲ့သည်။

ဟံသာဝတီ ယူနိုက်တက် အသင်းအား နောက်ဆုံး မိနစ်အထိ အနိုင်ရလဒ် အတွက် အသင်း
လိုက် စုစည်းမှု ကစားဟန်ဖြင့် ယှဉ်ပြိုင်ကစား ခဲ့သည့် ရတနာပုံ အသင်းမှာ လာမည့်ရက်
အနည်းငယ် အတွင်း ရန်ကုန် ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစား မည့် ရှုံးထွက်
ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အတွက် အနိုင် ရရှိရန် ယုံကြည်မှုများ
ပိုမိုတိုး ပွားခဲ့ပြီ ဖြစ်သည်။