ကျွန်တော်အတွက် အဓိပ္ပါယ် ရှိတဲ့နေ့တွေ ပြန်ရောက်လာပါပြီ (ရှိုင်းသူရ တိုက်စစ်မှုး)


ရတနာပုံ အသင်း၏ လူငယ်တိုက်စစ်မှုး တစ်ဦးဖြစ်သူ ရှိုင်းသူရ က မိမိအတွက် အဓိပ္ပါယ် ရှိသည့်
နေ့ရက်များ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

ရတနာပုံ အသင်း၏ လူငယ်တိုက်စစ်မှုး ရှိုင်းသူရ မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်း
ရေး ကော်မတီမှ ချမှတ်ခဲ့သည့် ပွဲပယ်ပြစ်ဒဏ် ပြီးဆုံးခဲ့ပြီ ဖြစ်သည့်အတွက် လက်ကျန်ပွဲစဉ်
များတွင် ရတနာပုံ  အသင်းနှင့်အတူ ကစားခွင့် ပြန်လည် ရရှိပြီဖြစ်သည်။


လူငယ်တိုက်စစ်မှုး ရှိုင်းသူရက –

‘ကျွန်တော်အတွက် အဓိပ္ပါယ် မရှိတဲ့နေ့ရက်တွေ ပြီးဆုံးသွားပါပြီ ကစားသမား တစ်ယောက်
အနေနဲ့ သူများကစားနေတာကိုကြည့်လိုက် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်လိုက်နဲ့ အရမ်းကို
ခံစားရပါတယ် အခုတော့ ကျွန်တော်အတွက် အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေ ပြန်လည်ရောက်ရှိ
လာပါပြီ ‘

ဟုပြောကြားခဲ့သည်။

ရှိုင်းသူရမှာ ရာသီအစ ချင်းယူနိုက်တက် အသင်းနှင့်ပွဲစဉ်တွင်   မြန်မာ နေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ချမှတ်ခဲ့သည့် (၁၀)ပွဲပယ်ပြစ်ဒဏ်ကြောင့် ကာလရှည်ကြာ ကစားခွင့်ရပ်နားခဲ့ရသည့် တိုက်စစ်မှုး တစ်ဦးဖြစ်ပြီးယခုအခါ ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် ပွဲစဉ်တွင် ရတနာပုံ အသင်းအတွက် ပြန်လည်ပါဝင်လာတော့မည်ဖြစ်သည်။