ရန်ကုန် ယူနိုက်တက်နှင့် ပွဲစဉ်တွင် ရတနာပုံ အသင်းမှ အဓိက ကစားသမား အချို့ပါဝင်နိုင်မည်မဟုတ်


2017 General Aung San Shield ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ရန်ကုန် ယူနိုက်တက်
အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ ရတနာပုံ အသင်းမှ အဓိက ကစား
သမား အချို့ဒဏ်ရာကြောင့် လွဲချော်မည် ဖြစ်သည်။

 

 

 

 

 

 

အဆိုပါ ပွဲစဉ်အား ဒဏ်ရာကြောင့် လွဲချော်မည့် ကစားသမား များမှာ ရန်ပိုင် (အလယ်တန်း) ဘယ်လက်
နှင့် ၀င်းနိုင်စိုး (ရှေ့တန်း) ဘယ်ခြေထောက် ဒဏ်ရာများဖြင့် အသီးသီး လွဲချော်ကြမည် ဖြစ်သည်။
၎င်းအပြင် ရတနာပုံ အလယ်တန်း ကစားသမား တစ်ဦးဖြစ်သူ လိုင်းဘိုဘို မှာလည်း ပွဲပယ်ပြစ်ဒဏ်
ကြောင့် ၀င်ရောက်ကစား နိုင်မည်မဟုတ်ပဲ ရှေ့တန်း တိုက်စစ်မှုး တစ်ဦးဖြစ်သူ ရှိုင်းသူရ မှာလည်း
စည်းကမ်း ထိန်းသိမ်းရေး မှချမှတ်ထားသည့် ပွဲပယ်ပြစ်ဒဏ်ကြောင့် ထပ်မံ၍ လွဲချော်ဦးမည် ဖြစ်သည်။

 

 

 

 

 

 

 

၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ရတနာပုံ အသင်းနှင့်
ရန်ကုန် ယူနိုက်တက် အသင်းတို့မှာ ရန်ကုန်မြို့ YTC အားကစား ကွင်းကြီး  စက်တင်ဘာလ
(၃၀) ရက်နေ့ ညနေ (၅) နာရီတွင် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ MWD Channel များမှ
တိုက်ရိုက် ထုတ်လွှင့်ပြသပေး သွားမည်ဖြစ်သည်။