ကစားသမားတွေရဲ့အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့ရပါတယ် -ဦးအောင်ကျော်မိုး(နည်းပြချုပ်)


ရတနာပုံ အက်ဖ်စီ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးအောင်ကျော်မိုးက မိမိ ကစားသမား များ၏
အကောင်းဆုံး ခြေစွမ်းအား မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဦးအောင်ကျော်မိုးက –

ကျွန်တော်ကစားသမားတွေရဲ့ အကောင်းဆုံး ခြေစွမ်းကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ် စည်းစည်း
လုံးလုံးနဲ့ ကစားသွားတာ တကယ့်ကို ကျေနပ်စရာပါ ဒီလိုကစားခဲ့လို့လဲ ကျွန်တော်တို့လိုချင်တဲ့
ရလဒ်ကို ပိုင်ဆိုင်ခွင့် ရခဲ့တာပါ လာမည့်ပွဲတွေကိုလဲ အခုလိုပဲ ရလဒ်ကောင်းရအောင် ကြိုးစား
သွားမှာပါ ဒီနေ့ပွဲမှာတော့ ကျွန်တော်အသင်းရဲ့ ပုံစံကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပါတယ်
လာရောက်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်

 

ရတနာပုံ အက်ဖ်စီ အသင်းမှာ 2018 MPT မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၁၈)
အဖြစ် မန္တလေးမြိ့ရှိ မန္တလာ သီရီအားကစား ကွင်းကြီးတွင် ဆောက်သမ်းမြန်မာ အသင်းအား ဧည့်
ခံယှဉ်ပြိုင်ကစား ခဲ့ရာ  (၃-၁) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး လာမည့် ဇူလိုင်လ (၈) ရက်နေ့ တနင်္ဂနွေ
နေ့တွင် ရန်ကုန် ယူနိုက်တက် အသင်းအား အိမ်ကွင်း ထပ်မံဧည့်ခံ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။