ယူ-၂၃ လေးနိုင်ငံဖိတ်ခေါ်ဖလား Alpine မှစပွန်ဆာ ပေး မည်


မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၁၈ ယူ-၂၃ လေးနိင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအား Alpine မှ
စပွန်ဆာပေးအပ် သွားမည်ဖြစ်ပြီး Alpine Cup 2018 Title Sponsorship လက်မှတ်ရေးထိုးပွဲ
အခမ်းအနားအား ဇွန်လ ၉ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်မြို့ Novotel Yangon Hotel
တွင်ကျင်းပပြု လုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားအား ရတနာပုံ အသင်းဥက္ကဌနှင့် လွယ်ဟိန်း ကုမ္မဏီ လီမီတက် ဥက္ကဌ
ဒေါက်တာ စိုင်းဆမ်းထွန်း၊ လွယ်ဟိန်း ကုမ္မဏီ လီမီတတ် ဒါရိုက်တာ ဦးဝင်းမြင့် ၊
လွယ်ဟိန်း ကုမ္မဏီ လီမီတက် ဈေးကွက်ရှာဖွေရေး တာဝန်ခံ
Mr, Tanakorn နှင့် မြန်မာ နိင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိင်ဇော်နှင့်
ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တတ်ရောက်ခဲ့ကြပြီး ကျပ်သိန်းပေါင်း (၂၀၀၀) တန်ကြေးရှိ Title Sponsorship လက်မှတ်ရေး ထိုးပွဲ အခမ်းအနား အား ပြုလုပ်ခဲ့ကြသည်။

ရတနာပုံ အသင်း ဥက္ကဌနှင့် လွယ်ဟိန်း ကုမ္မဏီ လီမီတက်
ဥက္ကဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းက –

 


မြန်မာ ဘောလုံးလောက ဖွံဖြိုးတိုးတတ်ဖို့အတွက် Alpine
အနေနဲ့ ရတနာပုံ အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ်ကို ထောက်ပံ့ ပေးနေးတာ အခုဆို
ဆယ်စုနှစ်တနှစ် ရှိခဲ့ပြီဖြစ်ပါတယ်  မြန်မာ နိင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း မြန်မာလက်
ရွေးစင် အသင်းများကို အကောင်းဆုံးထောက်ပံ့ပေးနေတာ
ကိုလည်း မြင်တွေ့ရမှာပါ အခုလည်း အာရှအားကစားပြိုင်
ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၃ အသင်း အတွေ့
အကြုံကောင်းတွေ ရရှိမယ့် ပြိုင်ပွဲဖြစ်တာကြောင့် Alpine
အနေဖြင့် စပွန်ဆာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်

ဟုပြောကြားခဲ့သည်။

အဆိုပါAlpine Cup 2018 လေးနိင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲ အား မန္တလေးမြို့တွင် သြဂုတ်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်း အပါအဝင် ဘာရိန်း ယူ-၂၃ ၊ ကိုရီးယား ယူ-၁၉အသင်း၊ ထိုင်း ယူ-၂၃ အသင်းတို့ ပါဝင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။