ရတနာပုံ အသင်းဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း ယူ-၂၂ တွင် ရွှေးချယ်ခံထားရသည့် ရတနာပုံ ကစားသမားများအား တွေ့ဆုံ၍ အားပေးစကား ပြောကြား


 

ရတနာပုံ အသင်း ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်းမှ၂၉ ကြိမ် မြောက် အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲ အားသွားရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ လက်ရွှေးစင် အသင်းတွင် ရွှေးချယ်ခံထားရသည့် ရတနာပုံ ကစားသမား(၅)ဦး နှင့် နည်းပြ (၁) တို့အား လက်ခံတွေ့ဆုံ၍ အားပေးစကားပြောကြား ခဲ့သည်။

ရတနာပုံ အသင်း ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း မှ ကစားသမားများအား –

“မိမိ နိင်ငံနှင့် လူမျိုးအတွက် အားကစား စိတ်ဓါတ် အပြည့်
အဝ ထားပြီး ပြိုင်ဖက် ကစားသမားတွေကို အနိုင်ယူပြပါ
အခု အချိန်က ဆီးဂိမ်းပြိုင်ပွဲ ဝင်မယ့် မြန်မာ အသင်းအနေ
နဲ့ အကောင်းဆုံး အနေအထားလို့ ပြောလို့ရနေပြီ အ
ကောင်းဆုံး ထောက်ပံ့မှုတွေကိုလဲ ဆရာတို့တွေ လုပ်ပေး
ထားကြတယ် ဒီတော့ ကိုယ့်ဖက်က မိမိရဲ့နိင်ငံ နဲ့ လူမျိုး
အတွက် အစွမ်းကုန် ပေးဆပ်ပြီး အောင်မြင်မှု ရရှိအောင်
ကြိုးစားကြပါ ပေးဆပ်ကြပါ”

ဟုပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအား သြဂုတ်လ (၉) ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကစားသမား များဘက်မှလည်း အသင်းဥက္ကဌ မှာကြားခဲ့သည့် အတိုင်း လိုက်နာ ဆောင်ရွက်ပါမည်ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။