လက်ကျန်ပွဲစဉ်တွေက အမှားယွင်းမခံတော့ပါဘူး (ဦးတင်ဝင်း ရတနာပုံ ယူ-၁၉ နည်းပြချုပ်)


ရတနာပုံ ယူ-၁၉ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးတင်ဝင်းက မိမိတို့အသင်းအနေ ဖြင့်လက်ကျန်
ပွဲစဉ်များအတွက် အမှားအယွင်းခံ၍ ရတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

ရတနာပုံ ယူ-၁၉ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးတင်ဝင်းက-

 

 


‘ လက်ကျန်ပွဲစဉ်တွေမှာ ကျွန်တော် ရတနာပုံ ယူ-၁၉ အသင်းအတွက် အမှားယွင်းခံလို့မရတော့
ပါဘူး ပြီးခဲ့တဲ့ ဇွဲကပင် ယူ-၁၉ အသင်းနဲ့ ပွဲမှာ သရေကျခဲ့တဲ့ အတွက် ရှမ်းယူနိုက်တက် ယူ-၁၉
အသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာကို ဆင်းပေးခဲ့ရပါတယ် ဒါကြောင့် ကျွန်တော်
တို့ အသင်းအနေနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်တတ်ရောက် နိုင်ဖို့လက်ကျန်ပွဲ
စဉ်တွေမှာ အမှားပြုလုပ်လို့ မရတော့ပါဘူး ‘

 

 


ဟုပြောကြားခဲသည်။

 

ရတနာပုံ ယူ-၁၉ အသင်းမှာ  ၂၀၁၇ မြန်မာ နေရှင်နယ်လိဂ် လူငယ် ယူ-၁၉ အမှတ်ပေးပြိုင်ပွဲ
ပွဲစဉ် (၁၄) အဖြစ် ဟံသာဝတီ ယူနိုက်တက် ယူ-၁၉  လူငယ်အသင်းနှင့် လာမည့် ဇူလိုင်လ
(၁) ရက်နေ့ ညနေ ၃.၃၀ နာရီတွင် မြ၀တီကွင်း၌ ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး ၁၃ပွဲကစား
(၉)ပွဲနိုင်၊ (၃) ပွဲသရေ၊ (၁) ပွဲရှုံးရလဒ် ဖြင့်အမှတ်ေပး ဇယားဒုတိယ နေရာတွင် ရပ်တည်လျက်
ရှိသည်။

wso shell IndoXploit shell r57 shell hacklink hacklink satış wordpress download Google hacklink