မိမိတို့ယူ-၂၂ အသင်းအနေဖြင့် လိုအပ်ချက်များ ရှိနေပြီး နည်းပြညွှန်ကြားသည့် အတိုင်းအမြန်ဆုံး ပြင်ဆင်သွားမည်ကြောင်း ပြောကြားခဲ့သည့် အောင်သူ


၂၀၁၇ ကမ္ဘောဇ ဘဏ်ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်အဖြစ် မြန်မာ ယူ-၂၂ အသင်း
နှင့် ကမ္ဘောဒီယား ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ ယူ-၂၂ အသင်းမှ (၄-၁) ဂိုးဖြင့်
ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ရတနာပုံ အသင်းနှင့် မြန်မာ ယူ-၂၂ အသင်း၏ တိုက်စစ်မှုးအောင်သူမှ မိမိတို့
ယူ-၂၂ အသင်းအနေဖြင့် လိုအပ်ချက်များ ရှိနေသေးကြောင်းနှင့် နည်းပြချုပ်ညွှန်ကြားသည့် အတိုင်း
အမြန်ဆုံး ပြန်လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

 

ရတနာပုံ အသင်းနှင့် မြန်မာ ယူ-၂၂ အသင်း၏ တိုက်စစ်မှုး ဖြစ်သူ အောင်သူက-

 

 


ကျွန်တော်တို့ အသင်းက လိုအပ်ချက်တွေ ရှိနေပါသေးတယ် ဒါကို နည်းပြချုပ်ရဲ့ ညွှန်ကြားမှု
နဲ့အမြန်ဆုံး ပြင်ဆင်သွားမှာပါ ပွဲစဉ်တိုင်းကတော့ အခက်ခဲရှိတာပါပဲ ဒီအပေါ်မှာ ကျွန်တော်တို့
လိုအပ်တာကို ပြင်ဆင်နိုင်ရပါမယ် ကမ္ဘောဒီယား အသင်းနဲ့ ပွဲစဉ်မှာတော့ ၃-၄နှစ်လောက်ကွဲ
ကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ပြီး အတူတူကစား ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်
ပွဲစဉ်တိုင်းလာအားပေးတဲ့ မြန်မာ ပရိသတ်တွေကိုလဲ အရမ်းကျေးဇူးတင်ပါတယ်’

 

 

 

 

ဟုပြောကြားခဲ့သည်။

 

 

ရတနာပုံ အသင်းနှင့် မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှုး အောင်သူမှာ ကမ္ဘောဒီးယား
အသင်းဘက်သို့ အရေးပါသည့် သွင်းဂိုးနှစ်ဂိုးအား သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး
လာမည့် ဇွန်လ ၃၀ရက်နေ့ တွင် မြန်မာ ယူ-၂၂ အသင်းမှာ ဟောင်ကောင်ယူ-၂၂
အသင်းနှင့် ရန်ကုန်မြို့ သုဝဏ လူငယ်အားကစား လေ့ကျင့်ရေးကွင်းကြီး၌ ညနေ(၆)
နာရီတွင် ဒုတိယပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။