လူငယ်ကစားသမား အနေဖြင့် ယခုထပ်ပို၍ အသင်းအတွက် ကြိုးစားပေးဆပ်ရန် ဦးကြည်နိုင်မှာကြား



ရတနာပုံ ယူ-၂၁ လူငယ်အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးကြည်နိုင်က လူငယ်ကစား သမားများ
အနေဖြင့် ယခုထပ်ပိုမို၍ အသင်းအတွက် ကြိုးစားပေးဆပ် ကစားရန် တိုက်တွန်းပြောကြားခဲ့
သည်။

 

 

ရတနာပုံ ယူ-၂၁ လူငယ်အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးကြည်နိုင်က-

 

 


” အခု ကလေးတွေကို ကျွန်တော်ပြောထားတယ် ရတနာပုံ အသင်းအတွက် ရတနာပုံ ပရိသတ်တွေ
အတွက် လက်ရှိအနေထားထပ် ပိုပြီးကြိုးစားဖို့ ပေးဆပ်ဖို့ ပါ သူတို့မှာ ကိုယ်ပိုင်အရည်အချင်းတွေ
ရှိကြတယ် ဒီအပေါ်မှာ ကြိုးစားအားထုတ်မှုနဲ့ ဘယ်လိုပုံစံဖြစ်ဖြစ် မလျော့ တဲ့စိတ်ဓါတ်နဲ့သာ
ကြိုးစားသွားမယ်ဆိုရင် အခုထပ်ပိုပြီး ကောင်းမွန်လာမှာပါ “

 

 

 

ဟုပြောကြားခဲ့သည်။

 

 

 

 

 

၂၀၁၇ မြန်မာ နေရှင်နယ်လိဂ် ယူ-၂၁ လူငယ်အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် (၁၆) အဖြစ် ရတနာပုံ လူငယ်
အသင်းမှာ နေပြည်တော် လူငယ်အသင်းနှင့် ဇွန်လ (၁၀) ရက်နေ့ ညနေ (၄) နာရီတွင် ရန်ကုန်မြို့
အောင်ဆန်း အားကစားကွင်း ကြီး၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။