ရတနာပုံ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များအား ဇူလိုင်လ (၂၆) ရက်နေ့တွင် ပြန်လည်စတင်သွားမည်


၂၀၁၇ မက်စ်စီးမန် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲဝင် လက်ရှိချန်ပီယံ ရတနာပုံ အသင်း၏
လေ့ကျင့်ခန်း အစီအစဉ်များအား ခေတ္တခဏ ရပ်နားထားမည်ဖြစ်ပြီး လာမည့် ဇူလိုင်လ (၂၆) ရက်
နေ့တွင် ပြန်လည်စတင် သွားမည်ဖြစ်သည်။

 

 

 

 

 

ရတနာပုံ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များအား အနားပေးထားသည့် အချိန် မြန်မာ လက်ရွှေးစင်
အသင်းများ၌ အရွှေးချယ်ခံထား ရသည့် ရတနာပုံ ကစားသမားများမှာ အဆိုပါ လက်ရွှေးစင် အသင်း
များနှင့် အသီးသီးပူးပေါင်းသွားမည် ဖြစ်ပြီး ကျန်ရတနာပုံ ကစားသမားများမှာ မိခင်နေရပ် ဒေသများ
သို့ ပြန်လည် အနားယူသွားကြ မည်ဖြစ်သည်။

 

 

 

 

 

ရတနာပုံ နည်းပြချုပ် ဖြစ်သူ မစ္စတာ ရီနီက –

 

 

ကျွန်တော်တို့ နိုင်ငံပွဲတွေရှိလို့ အနားပေးထားရမယ့် အချိန်မှာ ကျန်ကစားသမားတွေကို သူတို့ရဲ့
အနားယူရမယ့် ပုံစံတွေကို မှာကြားထားတယ် စားတာသောက်တာတွေက အစေပေါ့ သူတို့ဘယ်
လိုဂရုစိုက်နေ ထိုင်ရမယ်ပုံစံကိုပါ အသေးစိတ်ပြောပြထားပါတယ် ဒါမှ လေ့ကျင့်ခန်းအစီအစဉ်
တွေပြန်လည်စတင်တဲ့ အချိန်သူတို့အတွက် အကျိုးရှိစေမှာပါ

 

 

 

ဟုပြောကြားခဲ့သည်။

 

 

 

 

 

 

လက်ရှိအချိန်တွင် ရတနာပုံ အသင်းမှာ ၂၀၁၇ မက်စ်စီးမန် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ
ကြီးအား ရမှတ် ၃၇မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး လာမည့် စက်တင်ဘာ
၉ရက်နေ့တွင် ရခိုင်ယူနိုက်တက် အသင်း၏ ဝေသာလီကွင်း၌ ပွဲစဉ် (၁၇)အဖြစ် ပြန်လည်စတင်
ယှဉ်ပြိုင်သွား ရမည်ဖြစ်သည်။

wso shell IndoXploit shell r57 shell hacklink hacklink satış wordpress download Google hacklink