ရတနာပုံ အသင်းအတွက် ကျွန်တော်ရဲ့ဂိုးတွေနဲ့ ထပ်ပြီးပေးဆပ်ခြင်ပါသေးတယ် (ပက်ထရစ် ရတနာပုံတိုက်စစ်မှုး)


ရတနာပုံ အသင်း ၏ဂါနာတိုက်စစ်မှုး ပက်ထရစ်မှ  ရတနာပုံ အသင်းအတွက် မိမိ၏ ဂိုးများဖြင့် ထပ်မံ
၍ ပေးဆပ်ခြင်သေးကြောင်း ပြောကြားလိုက်သည်။

 

 

 

ရတနာပုံ အသင်းမှ ၂၀၁၇ မက်စ်စီမန် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ဒုတိယ ရာသီဝက်တွင်
အသစ်ခေါ်ယူခဲ့သည့် ဂါနာတိုက်စစ်မှုး ပက်ထရစ်က-

 

 

 

“ကျွန်တော်ရတနာပုံ အသင်းအတွက် ကျွန်တော်ရဲ့ဂိုးတွေနဲ့ ထပ်ပြီး သက်သေပြပေးဆပ် ခြင်ပါ
သေးတယ် ကျွန်တော်ဂိုးသွင်း ယူနိုင်ခဲ့တယ်ဆိုတာ အသင်းဖော်တွေရဲ့ စည်းလုံးမှု သူတို့ဆီက
ရရှိလာတဲ့ အင်အားတွေကြောင့် အခုလိုသွင်းယူနိုင်ခဲ့တာပါ အရမ်းကျေးဇူးတင်မိပါတယ် ရတနာပုံ
အသင်းသားတွေကို ကျွန်တော်ကို ယုံကြည်ထောက်ခံမှုပေးတဲ့ ရတနာပုံ ပရိသတ်တွေကိုလဲ
အရမ်းကျေးဇူးတင်ပါတယ် ”

 

 

 


ဟုပြောကြားခဲ့သည်။

 

 

 

 


ရတနာပုံ အသင်း၏ ဂါနာတိုက်စစ်မှုး ပက်ထရစ်မှာ ဒုတိယ ရာသီဝက်တွင် ရတနာပုံ အသင်းမှ အသစ်
ခေါ်ယူခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည် ယခုအခါ ရတနာပုံ အသင်းအတွက် ခြေစွမ်းပြဂိုးများသွင်း
ယူလျက်ရှိကာ ၃ပွဲကစား ၅ဂိုးထိသွင်းယူပေးထားလျက်ရှိပြီး ချင်းယူနိုက်တက် အသင်းနှင့်ပွဲစဉ်တွင်
၎င်း၏ပထမဦးဆုံး ဟက်ထရစ်ဂိုးအား ရတနာပုံ အသင်းအတွက် သွင်းယူပေးခဲ့သည်။